သတင်းများ

ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် ကျောင်းစာကြည့်တိုက် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမ‌ ဆောင်၌ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပင်းတယမြို့နယ်၌ ဂျင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရဲမွန်၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
Jul 04,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းပြီး ဇူလိုင်၃ရက်မွန်းလွဲ၁နာရီက လူငယ်ရေးရာဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်ထွက် နာနတ်သီး၊ ဒူးရင်းသီးများ ဈေးကောင်းရရှိ
Jul 04,2025
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးရွာများရှိ အိမ်ခြံဝင်များနှင့် ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံပင်များအဖြစ် နာနတ်ပင်များ၊ ဒူးရင်းပင်များ၊ ကြက်မောက်ပင်များ စိုက်ပျိုးထားကာ အသီးပေါ်ချိန်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။
ဘားအံမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများဖွင့်လှစ်
Jul 04,2025
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်  အသေးစား၊ အငယ်စား စီပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (ပထမအကြိမ်)နှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(ပထမအကြိမ်) ဖွင့်ပွဲ အခမ်းအနားများကို ဇူလိုင် ၃ ရက်က ဘားအံမြို့နယ်မိန်းမလှကျွန်းကျေးရွာနှင့် ကော့ဒါန်းမယ်ကျေးရွာတို့တွင် ကျင်းပသည်။