ရန်ကုန် ဇူလိုင် ၃
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ရှိ ဒေါ်ငွေဇင်တန်ဆောင်း (ရေကြည်တော်ဝတ်အသင်းတန်ဆောင်း)၌ ကျင်းပသည်။
အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲဝင်များ၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကောမတီမှ တာဝန်ရှိသူများ၊ ဂေါပကရုံးဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးဘိုးသင်းက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း၊ သင်တန်းဆရာမ ဦးစီးအရာရှိ ဒေါ်သင်းသင်းခိုင်နှင့် အခြေခံစာရင်းရေးနှင့် စာရင်းကိုင်သင်တန်း ဆရာဦးလှသိန်းတို့က သင်တန်းနှင့်ပက်သက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်၍ ရုံးစာရေးသားနည်း၊ စာရင်းကိုင်ပညာတို့အား သင်ကြားပေးသွားမည်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)