သတင်းများ

မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ (10-Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ဦးပိုင်အမှတ် ၂၀၊ ကွင်းအမှတ် ၈၅၅ ရှိ တောင်သူ ဦးချစ်လှိုင်၏ စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌‌ နန့်ညုရေလွှဲဆည် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်နေမှုကွင်းဆင်းစစ်ဆေး
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော နန့်ညုရေလွှဲဆည်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တည်‌ဆောက်‌ပြီးစီးမှုအ‌ခြေနေအား ယမန်နေ့ ညနေပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ မြို့နယ်တည်ဆောက်ရေး‌လုပ်ငန်းများ ကြီကြပ်မှုကော်မတီအတွင်းရေးမှူး ဦးရဲအောင်နိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟစိုးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ကွင်းဆင်းစစ်ဆေးခဲ့ရာ နန့်ညုရေလွှဲဆည်နှင့်ပတ်သက်၍ ဒုတိယဦးစီးမှူး ဦးသီဟစိုးမှ ရှင်းလင်းတင်ပြခဲ့‌ကြောင်း ရသည်။
မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာအုပ်စု ဝမ်ဖြစ်ကျေးရွာနှင့် ဝမ်ကောင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှု လယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ  ကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ပခမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (၆၇) တောင်သူ ဦးစိုးညွန့်၏ လယ်မြေ (၁၀.၀)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မနောသုခစပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က စံပြကွက်စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့နယ်၌ အစေ့ထုတ်ပြောင်း ၁၃၁၄ ဧကလျာထား စိုက်ပျိုး
Jul 18,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းများ ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၁၃၁၄ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးခဲ့သော နှမ်းဧကအားလုံးရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီကစိုက်ပျိုးထားသော နှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်
Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။