မြစ်သားမြို့နယ်တွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှု လယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ  ကျင်းပ

မြစ်သား ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ပခမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (၆၇) တောင်သူ ဦးစိုးညွန့်၏ လယ်မြေ (၁၀.၀)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မနောသုခစပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က စံပြကွက်စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် မန္တလေးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားပြီး မန္တ‌လေးတိုင်း စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်ကကောက် စိုက်စက်စိုက်ပျိုး ခြင်းဖြင့် ကောက်ကွက်ပြည့်မှီကာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးခြင်း ဖြင့်လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အချိန်ကုန်သက်သာခြင်း၊  သက်တောင့် သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုစုထိန်းသိမ်းမှုလွယ် ကူစိတ်ချရခြင်း၊ သန်မာ၍ရောဂါကင်းသောပျိုးပင်များရရှိခြင်း၊ လေဝင်လေထွက်ကောင်းပြီးကောက်ကွက် ဝင်ဆန်မှုတိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီးစပါး အထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းအားစပါးရိတ်သိမ်း ချွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိကြောင်းကို ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုး‌နေမှုများကို သွား‌ရောက်ကြည့်ရှုကြသည်။ ထို့နောက်တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာနတို့မှတာဝန်ခံအရာရှိများက ပြန် လည်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်းနှင့်ဆွေးနွေးပွဲအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲသို့ မန္တလေးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဦးဝင်းထိန်မန္တ‌လေးတိုင်း‌ဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းအောင်မန္တ‌လေးတိုင်း‌ဒေသကြီးမြေစာရင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ကိုကို၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးစိုးထွန်း၊ ခရိုင်ဆည်‌မြောင်းနှင့်‌ရေအသုံးချ‌ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်‌မြောင်းနှင့်‌ရေအသုံးချ‌ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ဒေသခံတောင်သူ(၃၇)ဦးနှင့်ဝန်ထမ်း (၁၀၇) ဦး စုစုပေါင်းအင်အား (၁၄၄)ဦးခန့် တက်ရောက်ခဲ့ကြောင်း  သိရသည်။

ဝါဝါမြင့် (မြစ်သား)