သတင်းများ

ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုနှင့် သစ်ယာဝကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့် မော်စုန်း-သစ်ယာဝ ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ လမ်းပန်းဆက်သယ်မှုလုံခြုံချောမွေ့စေရန်အတွက် မူလကျောက်ချောလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသည်။
စေတုတ္တရာမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(community centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲကျင်းပ
Jul 18,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်(၁၈) ရက်နံနက်ပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခဲ့သည်။
ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်
Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ ပိုလီတက္ကနစ်တက္ကသိုလ် (ပင်လုံ) Faculty of Computing တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက် (၉) နာရီက အဆိုပါတက္ကသိုလ် ဘက်စုံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း-၁တွင် လူငယ်စကားဝိုင်းကျင်းပ
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ) ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း-၁ ခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ဆီဆိုင်မြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်း
Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က တောင်သူဦးစိုင်းမတ်၏ စံပြကွက်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(နမ့်စလိုင်)၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (နမ့်စလိုင်)၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကလေးအလုပ်သမားလျှော့နည်းပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း (၈/၂၀၂၅) ဖွင့်လှစ်
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း(၈/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။