မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာအုပ်စု ဝမ်ဖြစ်ကျေးရွာနှင့် ဝမ်ကောင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့လိုက်ပါကာ ဝမ်ဖြစ်ကျေးရွာရှိ အကွက်ကျယ်စံပြကွက် ၂၀ ဧကတွင် စိုက်ပျိုးထားရှိသော အစေ့ထုတ်ပြောင်း စိုက်ပျိုးခြံအားကွင်းဆင်းကြည့်ရှု၍ တောင်သူများအား လိုအပ်သည်များမှာကြားကာ အားပေးစကားပြောကြားခြင်းနှင့် ဝမ်ကောင်းကျေးရွာရှိ ဦးစိုင်းထွန်းစိန်၏ ဝက်မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေးခြင်းပြီး ခြံဖြန်းပိုးသတ်ဆေးများပေးအပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)