ကျိုင်းတုံ မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပထမရက်(၁၀၀)ကာလအတွင်း အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတိုးမောင်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် မျက်စိရောဂါခွဲစိတ်ကုသပေးမှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)