ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ မေ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန်းယုက အဖွင့်အမှာစကားပြောကြားပြီး သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှငွေက တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းတင်ပြသည်။

အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင် စုစုပေါင်း ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)