သတင်းများ

ဘားအံမြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ခန့် ပါဝင်ဆင်နွှဲခဲ့
Jul 29,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။
ခရမ်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ်(၅) ဖွင့်လှစ်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဥ်(၅)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍  ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာအုပ်စု (၂) အုပ်စုမှ တောင်သူများအား မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများနှင့်ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့‌ နံနက်ပိုင်းတွင် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့ သောင်ရင်းမြစ်ရေပြန်လည်မြင့်တက်၍  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 29,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ​သောင်ရင်းမြစ်ရေချိန်သည် ယနေ့နေ့လယ် (၁) နာရီတွင် (1153) cm၊ စိုးရိမ်ရေမှတ် (963)CMသို့ ပြန်လည်မြင့်တက်နေပြီးဖြစ်သည့်အတွက် မြဝတီမြို့နယ်အတွင်း မြေနိမ့်ပိုင်းများတွင် နေထိုင်သည့်ရေဘေးသင့်ပြည်သူများမှ အမှတ်(၃) ရပ်ကွက်ရှိ ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ ဓိဌာန်အောင်ဘုန်းကြီးကျောင်း၊ အမှတ် (၄) ရပ်ကွက်ရှိ ဟေမာန်ဦးဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျာင်း၊ ကြခတ္တောဘုန်းကြီးကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ဘုန်းကြီးကျောင်းများရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအား ပြန်လည်ေရာက်ရှိခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်ကြီးကြပ်၍ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ အနိမ့်ပိုင်းရပ်ကွက်များအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်
Jul 29,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် သောက်ရေခပ်ဆည်ရေပိုလွှဲမှ ရေပို့လွှတ်မှုများကြောင့် စစ်တောင်းမြစ်ရေသည် တောင်ငူစခန်းတိုင်းတာချက်အရ ယမန်နေ့တွင် ၆၂၅ စင်တီမီတာရှိပြီး လက်ရှိအခြေအနေတွင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သီရိရတနာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် အိမ်ခြေ (၉) လုံး အိမ်ထောင်စု (၉ )စု ၊ ဆိပ်ကြီးရပ်ကွက်တွင် အိမ်ခြေ (၁၄) လုံး အိမ်ထောင်စု (၁၄) စုသို့ ရေများဝင်ရောက်လျက်ရှိပြီး ဌာနဆိုင်ရာရုံးများ ခြံဝန်းအတွင်း၌လည်း ရေများစတင်ဝင်ရောက်လျက်ရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆက်လက်ကွင်းဆင်း ‌ဆောင်ရွက်
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်  လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်က‌   သာယာကုန်းရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။