ထန်းတပင် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် သောက်ရေခပ်ဆည်ရေပိုလွှဲမှ ရေပို့လွှတ်မှုများကြောင့် စစ်တောင်းမြစ်ရေသည် တောင်ငူစခန်းတိုင်းတာချက်အရ ယမန်နေ့တွင် ၆၂၅ စင်တီမီတာရှိပြီး လက်ရှိအခြေအနေတွင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သီရိရတနာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် အိမ်ခြေ (၉) လုံး အိမ်ထောင်စု (၉ )စု ၊ ဆိပ်ကြီးရပ်ကွက်တွင် အိမ်ခြေ (၁၄) လုံး အိမ်ထောင်စု (၁၄) စုသို့ ရေများဝင်ရောက်လျက်ရှိပြီး ဌာနဆိုင်ရာရုံးများ ခြံဝန်းအတွင်း၌လည်း ရေများစတင်ဝင်ရောက်လျက်ရှိသည်။
အဆိုပါမြစ်ရေသည် နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိသောကြောင့် ပြောင်းရွေ့အိမ်ထောင်စုများအား စိစစ်လျက်ရှိပါကြာင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြေးနန်းအရ သိရသည်။
မြို့နယ် (ပြန်/ဆက်)