ခရမ်း ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဥ်(၅)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်အား ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ကြည်စင်သန့်နှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊ သင် တန်းသူ(၁၀၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအားဇူလိုင်လ(၁၄)ရက်နေ့မှ(၂၉)ရက်နေ့အထိ သင်တန်းအပတ်စဥ်(၅)ခုဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ခရမ်း(ပြန်/ဆက်)