ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများနှင့်ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရွှေပြည်သာ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့‌ နံနက်ပိုင်းတွင် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းနှင့် ဖုံးသွန်လဲစစ်လုပ်ငန်းများကို ရွှေပြည်သာမြို့နယ်ရှိ တော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာကျောင်းများတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကပူးပေါင်း၍အသိပညာ‌ ပေးလက်ကမ်းစာစောင်များဖြန့်‌ ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)