မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆက်လက်ကွင်းဆင်း ‌ဆောင်ရွက်

မင်္ဂလာ‌တောင်ညွန့် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်  လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ ၂၇ ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်က‌   သာယာကုန်းရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့‌နောက် မြို့နယ်လဝကမှူး‌ဒေါ်မြမြသန်းဦးဆောင်၍ဝန်ထမ်းများသည်‌ သာယာကုန်းရပ်ကွက်ဓမ္မာရုံတွင်ရပ်ကွက်အတွင်းရှိပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး‌‌ ကျော်သန်းလှိုင်တို့ကလိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများနှင့် အသက်၁၈နှစ်ပြည့်ပြီးနိုင်ငံသားစိစစ်ရေးကတ် ပြားမပြုလုပ်ရ‌သေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)