မြဝတီမြို့ သောင်ရင်းမြစ်ရေပြန်လည်မြင့်တက်၍  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မြဝတီ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ​သောင်ရင်းမြစ်ရေချိန်သည် ယနေ့နေ့လယ် (၁) နာရီတွင် (1153) cm၊ စိုးရိမ်ရေမှတ် (963)CMသို့ ပြန်လည်မြင့်တက်နေပြီးဖြစ်သည့်အတွက် မြဝတီမြို့နယ်အတွင်း မြေနိမ့်ပိုင်းများတွင် နေထိုင်သည့်ရေဘေးသင့်ပြည်သူများမှ အမှတ်(၃) ရပ်ကွက်ရှိ ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ ဓိဌာန်အောင်ဘုန်းကြီးကျောင်း၊ အမှတ် (၄) ရပ်ကွက်ရှိ ဟေမာန်ဦးဘုန်းကြီးကျောင်း၊ တောရဘုန်းကြီးကျာင်း၊ ကြခတ္တောဘုန်းကြီးကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ရေပူတောင်ပေါ်ဘုန်းကြီးကျောင်းများရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအား ပြန်လည်ေရာက်ရှိခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်ကြီးကြပ်၍ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်စေရေးအတွက် ကူညီကယ်ဆယ်ရေး အရေးပေါ်စက်လှေများ ပြင်ဆင်ထားရှိလျက်ရှိပြီး ဒေသခံအလှူရှင်များမှ စားသောက်ကုန်ပစ္စည်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန့်/ဆက်)