ဒဂုံအရှေ့ ဇူလိုင် ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့်ဖြေဆိုခဲ့ရာ ဖြေဆိုသူ ကျောင်းသား (၄၀၂)ဦး၊ ကျောင်းသူ(၅၂၇)ဦး စုစုပေါင်း(၉၂၉)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ ကျောင်းသား(၁၈၆)ဦး၊ ကျောင်းသူ(၂၇၉)ဦး စုစုပေါင်း(၄၆၅)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၅၀.၀၅) ရာခိုင်နှုန်းဖြစ်ကြောင်း၊ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၆၅)ဦးအနက်မှ တစ်ဘာသာဂုဏ်ထူးရှင် (၃၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ခြောက်ဘာဘာသာဂုဏ်ထူးရှင် (၁)ဦး၊ စုစုပေါင်း (၇၄)ဦး ဂုဏ်ထူးရဘာသာဖြင့် အောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
အေးမဉ္ဇူ