သတင်းများ

ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၌ နှင်းခူရောဂါ​အကြောင်း စာတမ်းဖတ်ပွဲပြုလုပ်
May 26,2026
တိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ်(CTME) နှင်းခူရောဂါ​အကြောင်းနှင့်လက်တွေ့ကုထုံးများ ပိုမိုကျယ်ပြန့်စွာသိရှိစေရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲကို မေလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ
May 26,2026
သာကေတမြို့နယ် စာရေးဆရာအသင်း သင်းလုံးကျွတ်နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ပွဲကို မေ ၂၄ ရက်နေ့နံနက် ၉ နာရီက သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းမကြီး YBS ၈၄ ဂိတ်အနီးရှိ အောင်သုခပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ သာကေတမြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅)(၅/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် ခရမ့်ရော်ဘာစက်ရုံ (သံဖြူဇရပ်)အား ကွင်းဆင်းကြည့်ရှု
May 26,2026
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) (၅/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်" နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်း‌အပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူ
May 26,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်း‌အပ်နှံကြပါစို့"မြေစိုက်ပိုစတာ(ဗွီနိုင်း)ကို သာယာဝတီမြို့နယ်ဆောက်လုပ်ရေးရုံးဝန်း ဝန်ထမ်းအိမ်ယာရှေ့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌​ကြသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း၏စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပ
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ အချိန်က အမှတ်(၉၂)ရပ်ကွက်၊ ပိတောက်လမ်းရှိ ငြိမ်းချမ်းစိမ်းလန်း စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျင်းပရာ ဘင်ခရာအဖွဲ့ကျောင်းသား ကျောင်းသူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများအား အလေးပြု၍ ကြိုဆိုခဲ့သည်။
ဘောလခဲမြို့၊ကမ်းနားလမ်းတွင် ရေကြီးနစ်မြှုပ်စင်က တင်ကျန်နေသောသဲနုန်းများဖယ်ရှားရှင်းလင်းခြင်းစုပေါင်းဆောင်ရွက်
May 26,2026
ကယားပြည်နယ်၊ ဘောလခဲခရိုင် ၊ဘောလခဲမြို့ ကမ်းနားလမ်းတွင်ယခင်ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်နေသောသဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လမ်းဘေးဝဲယာခြုံနွယ်များသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)အချိန်က ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပုစ္ဆကဆရာတော်များနှင့် စာစစ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
May 26,2026
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးကုန်းမြေရှိ သုံးထပ်ဆွမ်းစားဆောင်တွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒအား ဦးထိပ်ထား၍ ၂၀၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပုစ္ဆကဆရာတော်များနှင့် စာစစ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။