မိုင်းဆတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျေးရွာများမှပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ မိုင်းဆတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ပိုင်းက နောင်ဖာနှင့် ကုန်းကုလားကျေးရွာတို့တွင် ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နံနက်(၉)နာရီက မယ်နင်ကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာရှိ လမ်းသစ်စာကြည့်တိုက်တွင် ဒေသခံ ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အနုပညာရှင်များ ၏ COVID-19 အသိပညာပေး စကားသံများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ စသည့် အသိပညာပေးစာစောင်များပြသခဲ့ပြီး သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် တိုင်းရင်း သားပုံပြင်စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
အလားတူ ယနေ့နံနက်(၁၁)နာရီက ကုန်းကုလားကျေးရွာရှိ အလင်းရောင်စာကြည့်သို့ သွားရောက်၍ ဓာတ်ပုံ ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)