မွန်ပြည်နယ် လမိုင်းမြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးနှင့် သန်ချဆေးတိုက်ကျွေး

လမိုင်း  သြဂုတ် ၁၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကလေးငယ်များအားနှစ်စဉ်နှစ်တိုင်းပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာလမိုင်းမြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှမြို့ပေါ်ရပ်ကွက်များရှိ အ သက်(၅)နှစ်အောက်ကလေးများအားဗီတာမင်အေဆေးနှင့်သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုယနေ့နံနက်၈နာရီကစတင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဌာနဆရာမဒေါ်ရည်မွန်ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများကဗီတာမင်အေဆေးတိုက်ကျွေးခြင်းနှင့်အသက်(၂)နှစ်မှ (၅)နှစ်အောက်ကလေးများကို သန်ချဆေး တိုက်ကျွေး ခဲ့ရာမြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိအသက်(၅)နှစ် အောက်ကလေး(၃၇၉)ဦးအား တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကျန်ရှိသောရပ်ကွက်/​ကျေးရွာများရှိ ကလေးငယ်များကိုလည်းဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လမိုင်း(ပြန်/ဆက်)