လင်းခေး သြဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊လင်းခေးမြို့၊မြို့မလမ်းဆုံရှိ လမ်းသွယ်ဖြတ်ကူး သစ်သားတံတား ပျက်စီးယိုယွင်း နေမှုအား တာဝန်ရှိသူတို့က ကွန်ကရစ် ခင်းတံတားအသစ်ပြန်လည်တည်ဆောက်ခြင်းကို ယနေ့ နံနက် ပိုင်းက အဆိုပါတံတားနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၎င်းတံတားသည် အများသူငါ နေ့စဉ်နှင့်အမျှ ဖြတ်သန်းသွားလာနေရပြီး မြို့မစျေးပတ်လမ်း သွယ်ဖြစ်သည်။ လေးလမ်းခွလမ်းဆုံနေရာတွင် တည်ရှိကာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဝင် ဦးစိုင်းအောင်ဖေ၊ ဦးစိုင်းလှဦးနှင့် အမှုဆောင်အရာရှိဦးထွေးနိုင်၊စျေးတန်းရပ်ကွက်ရပ်မိရပ်ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေမိုးအောင်နှင့် အခြားလုပ်ငန်းရှင် ဒေသခံပြည်သူစေတနာရှင်အချို့ လှူဒါန်း မတည် ငွေဖြင့် အရှည် ၂ဝပေ၊ အကျယ်၆ ပေခွဲ ရှိ(RCကွန်ကရစ်လောင်း) တံတားသစ်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း နှင့် ဤလမ်း ဆုံနေရာတွင် မီးပွိုင့်ထားရှိဆောင်ရွက် သွားရန် ဆက်လက် ဆောင်ရွက် သွားရန် သက်ဆိုင်ရာဌာန၏ခွင့်ပြုချက် ရန်ပုံငွေကျပ်(သိန်းတစ်ရာ) ရရှိထားပြီးဖြစ်ကြောင်း လင်းခေးမြို့နယ် စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
စိုင်းဇော်လတ်(လင်းခေး)