မွန်ပြည်နယ် လမိုင်းမြို့ ၌ “အလုပ်ဆိုတာ အင်အားပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လမိုင်း သြဂုတ် ၁၂

မော်လမြိုင်ခရိုင်၊လမိုင်းမြို့ တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များနှင့် လူငယ်ရေးရာ ကော်မတီဝင်များ ပူးပေါင်းပြီး ယနေ့ နံနက် (၁၁)နာရီ က စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လမိုင်းမြို့(ပြန်/ဆက်)ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ် တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့ပြီး အလုပ်ဆိုတာ အင်အားပါ စာအုပ်ပါအကြောင်းအရာများကို လမိုင်းမြို့ စာပေချစ်သူများ အသင်းမှ ဦးအေးထွန်း၊ဦးကျော်မြင့်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများမှ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍မိမိတို့၏အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

လမိုင်း(ပြန်/ဆက်)