မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ရေး ဩဂုတ် ၁၂

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက်ဘဏ်တာဝန်ရှိသူများနှင့် ဘဏ်များ၏လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများအားလုပ်ငန်းညှိုနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်(၁၀)နာရီခွဲကမြို့နယ်အထွေထွေအုပ် ချုပ် ရေးဦးစီး ဌာနမြို့နယ် အုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမြို့နယ် အုပ်ချုပ်ရေးမှူးဦးကံဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းဇော်၊ မြို့မရဲစခန်းဒုရဲမှူးဦးဝင်းမြင့်နှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဘဏ်များ ၏ လုံခြုံရေးဆောင်ရွက်ထားရှိမှုများနှင့် လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားပြီး ဘဏ်တာဝန်ရှိသူများမှလည်း မိမိတို့ဘဏ်များတွင်လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်လည် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မိမိတို့မြို့နယ်အတွင်းရှိပုဂ္ဂလိကဘဏ်များအနေဖြင့် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ် စေရေး အတွက် အထူးဂရုပြုဆောင်ရွက်ရန် ဘဏ်လုံခြုံရေးဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှလည်းပူးပေါင်း၍ ဘဏ်လုံခြုံရေး လုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)