တောင်ဥက္ကလာပ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၆)လမှစ၍ အသက်(၅)နှစ်အောက် ကလေး ငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို ယနေ့ နံနက် (၉)နာရီက အမှတ်(၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းကို ကလေးသူငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစု လူဝေးမဖြစ်စေရန် ရပ်ကွက်အလိုက် စုရပ်များတွင် အလှည့်ကျ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ အမှတ်(၃)ရပ်ကွက် ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခင်လှမူ၊ ဆရာမဒေါ်ယဉ်ယဉ်မော်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အသက်(၆) လမှစ၍ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေး ခြင်းနှင့် အသက်(၂) နှစ်မှ အသက်(၅) နှစ်အောက် ကလေးများကို သန်ချဆေး တိုက်ကျွေးပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များကိုလည်း အားဆေးများ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
ထက်ထက်(ပြန်/ဆက်)