တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှုဖြစ်ပွား

တိုက်ကြီး ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဘောလကွတ်ကျေးရွာ အုပ်စု ကွေ့ကုန်းကျေးရွာ တွင် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းများ ပြိုကျကာ လူနေအိမ်များနှင့် ၁၀ ပေခန့်၊ ရွာသာ-တော်လတီ-မြို့ချောင်း ကားလမ်း နှင့် ၁၅၀ ပေခန့်အကွာ သို့ ရောက်ရှိနေကြောင်း ဘောလကွတ်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 “လှိုင်မြစ်ရေ တက်လာတော့ ကမ်းပြိုလာတာပါ အခုမနက်ကဘဲ မြစ်ကမ်းဘေးက သစ်ပင်တွေ ပါသွားပါပြီ၊ လူနေအိမ်နဲ့ကတော့ မြစ်ကမ်းနဲ့ ၁၀ ပေလောက်ကွာတော့တယ်၊ ကမ်းပြိုမှုများကို တာဝန်ရှိ ဌာနများက ကူညီပေးစေလိုကြောင်း၊ ဆက်ပြိုမယ်ဆိုရင်တော့ ရွာသာ- တော်လတီ-မြို့ချောင်း (မှော်ဘီ) ကားလမ်း နဲ့ ပေ ၁၅၀ လောက်ဘဲ ကွာတော့တယ်၊ ဒီလမ်းက တော်လတီ ဘက်ခြမ်းက ရွာတွေနဲ့ ဆက်သွယ်တဲ့ လမ်းဖြစ် လို့ အရေးကြီးပါတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူ များကိုလည်း ကျွန်တော်တို့ တင်ပြထားပါတယ်”လို့ ဘောလကွတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ပြောပြချက်အရ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)