နမ့်စန်(တ) ဩဂုတ်-၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟိုက်ဖတ်ကျေးရွာ အုပ်စု ၊ ဟိုက်ဖတ် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖေမောင်တင် နှင့် ဝန်ထမ်း များက ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်း တွင်ပါဝင်ပြီး ကိုင်ဆောင် လက်မှတ် မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသောပြည်သူများကို မြန်မာ နိုင်ငံသား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အသစ်ပြုလုပ်ပေးခြင်း ၊ ပျောက်ဆုံး ၊ ပျက်စီး သူများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း များကို လူစုလူဝေး မဖြစ်ပေါ်စေဘဲ Social Distancing စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်လျှက်ရှိရာ ဩဂုတ်လ (၁၁)ရက်နေ့အထိ ကျေးရွာအုပ်စု (၉)အုပ်စုရှိ အသက် (၁၈)နှစ် ပြည့်ပြီးသူ ပြည်သူ (၈၈၀)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရပ် ကွက်နှင့် ကျေးရွာအုပ်စုများကို လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူး ဦးဖေမောင်တင် ထံမှသိရသည်။
သူရအောင်(ပြန်/ဆက်)