သတင်းများ

မိုင်းပန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း မြို့နယ်လုံးကျွတ်မဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယနေ့ နံနက် (၆) နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဖျာပုံခရိုင်ပြည်သူ့ဆေးရုံတွင် လူနာများအသုံးပြုရန်အတွက် အသက်ရှူစက်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှု ခံယူနေကြသော လူနာများ အသုံးပြုရန်အတွက်၊ အသက်ရှူစက်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ကျောက်ကြီးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်နေ ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကော့သောင်းမြို့ ပင်လယ်ငါးဖမ်းရေယာဉ်ရေလုပ်သားများ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းဆင်းပွဲကျင်းပ
Aug 17,2020
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူးကျင်းပသည့် ဆဌမအကြိမ် ပင်လယ်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ ကမ်းနီးကုမ္ပဏီများဇုံ၊ ဓနအားမာန်ကုမ္ပဏီခန်းမတွင် ကျင်းပသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်လုံမြို့၌ အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန် က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် စာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေကျပ် (၂၀၀၀၀/)ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။
မတူပီမြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ဝင်နေသူ များအား စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Aug 17,2020
ချင်းပြည်နယ်၊ မတူပီမြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် အချိန်မီကုသနိုင်ရန် ပြည်ပမှပြန်လာသူ နေရပ်ပြန်များအတွက် မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ခံယူနေစဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ အားကစားရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး အရေးပေါ်ရန်ပုံငွေဖြင့် မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အိုးဘိုအုပ်စု တွင် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်မည်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး အရေးပေါ်ရန်ပုံငွေဖြင့် မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အိုးဘိုအုပ်စုတွင် မြစ်ကမ်းထိန်း လုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းထံမှ သိရသည်။