သတင်းများ

သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပူးပေါင်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Aug 17,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက သံတောင်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် သည်။
လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဆိုင်ရာ ‌ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး ‌ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉:၀၀) နာရီအချိန် က တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။
ကွမ်းခြံကုန်းမြို့နယ်တွင်အသက်ငါးနှစ်အောက်ကလေးငယ်များအား မျက်စိအားဆေးနှင့် သန်ချဆေး တိုက်ကျွေး
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိ အားဆေးနှင့်သန်ချဆေး တိုက်ကျွေးမှုကို မြို့ပေါ် ရပ်ကွက်များနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ယမန်နေ့မနက်(၁၀)နာရီက စ၍ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းဒေသကြီး တမူးမြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်​ဆေးထိုးနှံခြင်းကို စက်တင်ဘာ(၉)ရက်နေ့မှ စတင်၍ ထိုးနှံပေးမည်
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ်တွင်သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ကို စက်တင်ဘာ(၉)ရက်နေ့မှစတင်၍ ထည့်သွင်း ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား United Amara Bank မှ တစ်ဦးလျှင် ဆန်(၃)ပြည် ထောက်ပံ့လှူဒါန်း 
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ United Amara   Bank မှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း
မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီး အဆင်းလမ်း ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်း
Aug 17,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ် (၁) ဈေးရပ်ကွက် မဟာမြတ်မုနိ ဘုရားကြီးအဆင်းလမ်းတွင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးအလုပ်သမား စစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အစားအစာ ထုတ်လုပ်ခြင်း နှင့် လက်ကားနှင့်လက်လီ ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍရှိ ကလေးအလုပ်သမားစစ်တမ်း ကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ကွတ်ခိုင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်စာများ ထောက်ပံ့ပေးအပ်
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့နံနက်ပိုင်း က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်စာများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်သည်။