သတင်းများ

မရမ်းကုန်းမြို့နယ်တွင်(၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Aug 17,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်တွင် ယမန့်နေ့ နံနက်ပိုင်း က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်ဆရာတော် ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ အခြေခံအိမ်‌ထောင်စုများအား နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်‌ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ စတုတ္ထ အကြိမ် ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)စီ ထောက်ပံပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြောင်းမြမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၉၃၅၁)စုအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တာဝန်ရှိသူများက ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် အခြေပြု၍ ယမန်နေ့က တစ်ပြိုင်နက်တည်း သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရသည်။
ချီဖွေ၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 17,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးမိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီအချိန် က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာ အောင်သင်း ရေးသားထားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 17,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က လှိုင်းဘွဲမြို့ (က) ရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်ရှိ ဝင်ငွေနည်းမိသားစုများ၊ သက်ကြီးဘိုးဘွားများနှင့် ဝန်ထမ်းများအား UAB ဘဏ်မှ ဆန်(၃)ပြည်အိတ်(၈၀၀)အိတ်လှူဒါန်း
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက United Amara Bank(UAB) ဘဏ်(၁၀)နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဝင်ငွေနည်း မိသားစုများ၊ သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအတွက် ဆန်(၃)ပြည်ပါ အိတ်(၈၀၀)ကို UAB ဘဏ်မှ တာဝန်ရှိ သူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့လှူဒါန်းပေး အပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်အတွင်းရှိ အသက် (၆) လမှအသက်(၅)နှစ်ကလေးများအား VH-A အားဆေးနှင့်သံချ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၉) ရပ်ကွက် တွင် ယမန်နေ့