မတူပီ ဩဂုတ် ၁၇
ချင်းပြည်နယ်၊ မတူပီမြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် အချိန်မီကုသနိုင်ရန် ပြည်ပမှပြန်လာသူ နေရပ်ပြန်များအတွက် မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ခံယူနေစဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များနှင့်စပ်လျဉ်းသည့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ အားကစားရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးသန်းက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ ဝန်ဆောင်မှု၊ နေရပ်ပြန်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်နှင့် ကာကွယ်ရေးနည်းလမ်းများ ဆိုင်ရာ အသိပေးကြေညာချက်စသည့် သတ်မှတ် စည်းကမ်းချက် ခေါင်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)