သတင်းများ

ကျောက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပေးအပ်လှူဒါန်းသော ဆန်အိတ်များအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာနိင်ငံ ဆန်စပါးအသင်းချုပ်မှ ပေးအပ်လှူဒါန်းထားသော ဆန်အိတ်(၂၆)အိတ်အား ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆန်အိတ်များအား လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။
"အောင်ဖာပွန်"မြို့မလူငယ်အဖွဲ့အ​နေဖြင့် ဖာပွန်မြို့မှ ဝှေဆန်​ကျေးရွာအထိ ဆွမ်းဆန်စိမ်းလှည့်လည်အလှူခံ
Aug 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထား​သော "​အောင်ဖာပွန်" မြို့မလူငယ်အဖွဲ့သည် ယ​နေ့နံနက် (၇) နာရီအချိန်က ဖာပွန်မြို့တွင်းသို့ လှည့်လည်၍ ဖာပွန်မြို့၊ သမိုင်းဝင်​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီးတည်ရှိရာ ​ရွှေဆံ​တော်ဘုန်း​တော်ကြီး​ကျောင်းအတွက် ဝါတွင်းကာလဆွမ်းဆန်စိမ်းအလှူခံထွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ ၂၀၁၉ -၂၀၂၀ CSR ရံပုံငွေ ကျပ်သိန်းပေါင်း (၃၆၈၁.၈၀) ဖြင့်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း မှ ၂၀၁၉ -၂၀၂၀ CSR ရံပုံငွေ ကျပ်သိန်းပေါင်း (၃၆၈၁.၈၀ ) ဖြင့်ဆောင်ရွက်လျက်ရှိသော ရေနံချောင်းမြို့ အေးကုန်းရပ်ကွက် ၊
ကော့ကရိတ်မြို့တွင် အသက် (၆) လမှ (၅) နှစ်အထိ က​လေးငယ်များအား ဗီတာမင်​အေနှင့်သန်ချ​ဆေးများတိုက်​ကျွေး
Aug 17,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချ​ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထား​​သောစုရပ်​နေရာများ၌ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာအား (Village Revolving Fund Project) စီမံကိန်း ချေးငွေဖြင့် ကိုဗစ်ကာလ စီးပွားရေးကုစားမှု လုပ်ငန်းများဆောင်ရွက်
Aug 17,2020
နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) စီမံကိန်းဖြင့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာအား စီမံကိန်းဝင် ကျေးရွာများအဖြစ် ရွေးချယ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ချေးငွေများပေးအပ်ကာ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
တောင်သာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်
Aug 17,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ဒေသခံပြည်သူများအား ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ယမနနေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ် ကန်မြဲကျေးရွာအုပ်စုသို့သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စားသောက်ကုန်(ယိုမျိုးစုံပြုလုပ်နည်း)လက်တွေ့လုပ်ငန်းခွင်သင်တန်းဖွင့်လှစ်
Aug 17,2020
မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီက စားသောက်ကုန် (ယိုမျိုးစုံပြုလုပ်နည်း)လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲကို ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ သုခကာရီ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ် ခဲ့ကြောင်းသိရသည်။