သတင်းများ

လှည်းကူးမြို့နယ်၌ တောင်သူပညာပေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ
Aug 14,2020
စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃၅)စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယခုလ(၁၂)ရက်နေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် အုန်းနှဲကုန်းကျေးရွာရှိ တောင်သူ ဦးတင်ယု လယ်မြေပေါ်၌ ပြုလုပ်ခဲ့သည်။
ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ဆက်လက်စိစစ်
Aug 14,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ အထွေထွေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
တိုက်ကြီးမြို့နယ်တွင် ကျေးရွာ မတည်စီမံကိန်း(VRFP) နှင့် Cash For Work စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာမတည် စီမံကိန်း (VRFP) နှင့် Cash For Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား မီရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၁၆)ဦး၊ စုစုပေါင်း (၄၂)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင် ခဲ့ပါသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေးလက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့်Mask များဝေငှခြင်းဆောင်ရွက်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင်   လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး အသိပညာ‌ပေးလက်ကမ်း
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌  လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှု
ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာရှစ်ရွာအား ရန်ပုံငွေများ ထုတ်ချေး
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသေ
ကချင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ဒေါ်လာ (၁)သိန်းခွဲခန့်တန်ဖိုးရှိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)နှင့် ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်း
Aug 14,2020
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ကချင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒေါ်လာ (၁)သိန်းခွဲခန့်တန်ဖိုးရှိ (PPE)ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းကိရိယာများကို ယနေ့ နံနက် (၁၀)နာရီတွင် အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်း ခဲ့သည်။