ကွမ်းခြံကုန်း ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိ အားဆေးနှင့်သန်ချဆေး တိုက်ကျွေးမှုကို မြို့ပေါ် ရပ်ကွက်များနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ယမန်နေ့မနက်(၁၀)နာရီက စ၍ ဆောင်ရွက်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သော မြို့မရပ်ကွက်ဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်သန်းသန်းစိုးက အသက်(၅)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေ မျက်စိအားဆေးနှင့် သန်ချဆေးတို့ကို မြို့မရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်များမှ (၅)နှစ်အောက် ကလေးငယ်များအား တိုက်ကျွေးပေးခဲ့ရာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းကူညီခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)