မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီး အဆင်းလမ်း ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်း

မိုင်းငေါ့   ဩဂုတ်   ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ် (၁) ဈေးရပ်ကွက် မဟာမြတ်မုနိ ဘုရားကြီးအဆင်းလမ်းတွင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ခင်းကျင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဟာမြတ်မုနိဘုရားကြီး အဆင်းလမ်းကို မိုင်းငေါ့မြို့ အမှတ်(၁)ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းထင်ကျော် ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး လမ်းအရှည် ၅၂၀ ပေ၊ လမ်းအကျယ် ၁၂ ပေ ရှိကာ စုစုပေါင်း ကုန်ကျငွေတန်ဖိုး  ကျပ်(၃၆၆၀၀၀၀-/) ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)