သတင်းများ

ကွမ်းလုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်အချို့ မြေပြိုမှုဖြစ်ပွား
Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၁၆-၈-၂၀၂၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ခိုလုံရပ်ကွက်၊ မြို့မရဲစခန်းအနီး ပြည်ထောင်စု လမ်းမကြီး၌ ကမ်းပါးပြို၍ သစ်ပင်ကြီးလဲရာမှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်များနှင့် နေအိမ်အချို့ ထိခိုက်ပျက် စီးခဲ့ပြီး ၎င်းမြေပြိုသည့်နေရာနှင့် တစ်ဆက်တည်းရှိသည့် မြို့နယ်လဝကဦးစီးဌာန ဝန်ထမ်းအိမ်ယာများနှင့် နေအိမ်အချို့သည် ကမ်းပါးပြိုမှု ဆက်လက်ဖြစ်ပွားခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 20,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
လိုင်လင်းပီမြို့၌  သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပ
Aug 20,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် ကျင်းပကြသည်။
ကြည့်မြင်တိုင်မြို့နယ် အ​နောက်ဘက်ကမ်းရပ်ကွက်ရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေးအတွက် ကွင်းဆင်း​ဆောင်ရွက်
Aug 20,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊  ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး အ​နောက်ဘက်ခြမ်း ၄ ရပ်ကွက်ရှိ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဩဂုတ်လ ၂၀ ရက်​​နေ့နံနက် ၉ နာရီအချိန်ကအ​နောက်ဘက်ကမ်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးများ၊ ဓမ္မာရုံများတွင်း ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ မြက်တို‌ကျေးရွာ အုပ်စုတွင် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်‌ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (ရှေ့တန်းရုံး) မှ ဒု-လဝကမှူး ဦးပြည့်ဖြိုးအောင်နှင့် ဦးသန့်ဇင်ထွန်း တို့ပါဝင်သော ကွင်းဆင်း အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်နေ့က မြက်တိုကျေးရွာ အုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ဓမ္မရက္ခိတ ဓမ္မာရုံ၌ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများအား ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်း စီးပွားဖြစ်မွေးမြူရေးလုပ်ကိုင်သူများ၏ COVID-19 ကာလ အခြေအနေ များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Aug 20,2020
ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေကြသည့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းရှင်များ၏ COVID-19 ကာလမတိုင်မီနှင့် COVID-19 ကာလအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များ စာရင်း ကောက်ယူခြင်း လုပ်ငန်းမျာကို ဩဂုတ် ၁၅ ရက်မှစတင်ကာ အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်  ကွင်းဆင်းကြည့်ရှု
Aug 20,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အလယ်ရွာလေး (မြေတိုင်း−၂၂) ပိတောက်လမ်းနှင့် ကံလှကျေးရွာ ကန်သာယာ(၁)လမ်းများတွင်  ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်  ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း
Aug 20,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ၂၀၂၀ ပြည်နှစ် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။