မဘိမ်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Aug 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ များအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဦး ဆောင်သော ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကုန်းမခံကျေးရွာအုပ်စုသို့ တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။