ကြည့်မြင်တိုင်မြို့နယ် အ​နောက်ဘက်ကမ်းရပ်ကွက်ရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်​စေ​ရေးအတွက် ကွင်းဆင်း​ဆောင်ရွက်

ကြည့်မြင်တိုင်  ဩဂုတ်  ၂၀

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊  ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး အ​နောက်ဘက်ခြမ်း ၄ ရပ်ကွက်ရှိ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံ မှန်ကန်စေရေးအတွက် ဩဂုတ်လ ၂၀ ရက်​​နေ့နံနက် ၉ နာရီအချိန်ကအ​နောက်ဘက်ကမ်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးများ၊ ဓမ္မာရုံများ အတွင်း ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်​ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်း​ဆွေ၊  မြို့နယ်ရွေး​ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်တို့ ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြီးကြပ်စစ်ဆေးရေးအဖွဲ့(၃)ဖွဲ့မှ တာဝန် ခွဲဝေ ထားသည့် ရပ်ကွက်အလိုက်ကွင်းဆင်း၍ စိစစ်ရန်ကျန်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်နိုင်ရေး၊ အကြောင်းအမျိုးအမျိုးကြောင့် မဲစာရင်း တွင် ကျန်ရှိသူများအား အချက်အလတ်နှင့် စာရင်းပြုစုဆောင်ရွက်နိုင်ရေး၊ မှတ်ပုံတင်ပြုလုပ်ရန်ကျန်ရှိသူများ မှတ်ပုံတင်ရရှိနိုင်ရန် ဆောင်ရွက်နိုင်ရေးနှင့် မဲရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့အတွက် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေဆုံကာ လိုအပ်သည်များ ပေါင်းစပ် ညှိနိူင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲများ​ပေးနိုင်​ရေးအတွက် ကွင်းဆင်း​ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ခိုင်ဇာလင်း ( ပြန်/ဆက် )