လိုင်လင်းပီ သြဂုတ် ၂၀
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေး အဖွဲ့ရုံး၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် ကျင်းပကြသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်(သားသတ်လိုင်စင်)အား သတ်မှတ်ပြီး ကြမ်းခင်းစျေး ၁၂၀,၀၀ဝိ/- (ကျပ်တစ်သိန်းနှစ် သောင်းတိတိ)ဖြင့် ရောင်းချရာ လျှောက်လွှာတင်သွင်းသူဦးရေ (၂)ဦးရှိသည့်အနက် အမှတ်(၂) ရပ်ကွက်နေ ဦးကျယ်လှုပ်မှ ၃၀၂,၀၀ဝိ/-(ကျပ်သုံး သိန်းနှစ်ထောင် တိတိ)ဖြင့် လေလံအောင်မြင်ပြီး တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် သားသတ်ရမည်ဖြစ်ပြီး အသားနှင့် ဝမ်းတွင်းသားတစ်ပိဿာလျှင် ၁၀,၀၀ဝိ/-(ကျပ်တစ်သောင်း) စီဖြင့် ရောင်းချရမည် ဖြစ်ကြောင်းနှင့် အဆိုပါလိုင်စင်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ အကြုံးဝင်မည်ဖြစ် ကြောင်းသိရသည်။
ယင်းသားသတ်လိုင်စင်တွင် ဘာသာရေးပွဲတော်များနှင့် သာရေး၊ နာရေးကိစ္စရပ်များသည် အခွန်ကင်းလွတ် ခွင့်ရရှိမည်ဖြစ်ပြီး အခြားပြင်ပ ကိစ္စရပ်များဖြင့် သားသတ်မည် ဆိုပါက သက်ဆိုင် ရာ လေလံအောင်မြင်သည့်ပုဂ္ဂိုလ်ထံ အကြောင်းကြားကာ တစ်ကောင်လျှင် အခွန် ၂၀,၀၀ဝိ/-(ကျပ်နှစ်သောင်းတိတိ)ဖြင့် အခွန်ဆောင်ရမည် ဖြစ်ပြီး ပျက်ကွက်ပါက စည်ပင်သာယာရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း လေလံရောင်းချ ရေး ဥက္ကဋ္ဌ ဦးကျော်သန်း၏ ပြောကြားချက်အရသိရသည်။
၎င်းအရပ်ရပ်အခွင့်အရေးလိုင်စင် (သားသတ်လိုင်စင်)နှင့် ပတ်သက်သည့်ကြော်ငြာစာများကို မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဆုံနေရာများ စသည့် အများပြည်သူ အလွယ်တကူမြင်နိုင်သော နေရာများတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ ကပ်ထားကြော်ငြာ ထားပြီးဖြစ်ကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်