သတင်းများ

ပခုက္ကူမြို့တွင် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်း ဆိုင်ရာ တန်ဖိုး ကွင်းဆက် စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 21,2020
ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့်စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို ပခုက္ကူမြို့တော်ဝင်နန်းဟိုတယ်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းထိန်းချုပ်ရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်
Aug 21,2020
ကော့သောင်းမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းများတွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအားထိန်းချုပ်နိုင်ရေး ရောဂါထိန်းချုပ်မှုလုပ်ငန်းများ ပေါ့လျော့မှုမဖြစ်ပေါ်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်မြို့နယ် ၊တောင်မြင့်ကျေးရွာအုပ်စု၊သစ်ညီနောင်ကျေးရွာ၊ ကျေးလက်အင်ဂျင် မီးလင်းရေး လုပ်ငန်း ဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူ
Aug 21,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက်နေပြည်သူများ၏ ထည့်ဝင်ငွေ များနှင့်အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးအောင်ခဲ့သော ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့်လူထုစစ်တမ်း ကောက်ယူပွဲကို ပေါက် မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပသည်။
တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ ရွာသာအေးကျေရွာတွင် သောက်သုံးရေရှိရေး စက်ရေတွင်းတူးဖော်ဆောင်ရွက်
Aug 21,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလံ (၅၀၀၀) ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ "ကြိုတင်ရှောင်ရှား ဆေးလိပ်ဆေးရွက်ကြီးဆိုးကျိုးများ" အကြောင်းကို မြေစိုက်ဘုတ်ဖြင့် ပြသပေး
Aug 21,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများကျန်းမာရေးအသိပညာဗဟုသုတရရှိနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေး
Aug 21,2020
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီမှစ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်တံတားအမှတ် ( ၂ ) ၁၀၀% ပြီးစီးသွားပြီဖြစ်၍ တံတားခံနိုင်ရည်ဝန်အားကို သြဂုတ်လ ၂၂ ရက်​နေ့တွင် စမ်းသပ်စစ်​ဆေးမည်
Aug 20,2020
ပုသိမ်မြို့ဘက်ကမ်း နှင့် စိန်ကုန်းဘက်ကမ်းသို့ ငဝန်မြစ်ကို ဖြတ်ကူး၍ ဆက်သွယ်​ဖောက်လုပ်ထားသည့် ပုသိမ်တံတားအမှတ် ( ၂ ) သည် ယခုအခါ ၁၀၀% ပြီးစီးသွားပြီဖြစ်ပါသည်။ တံတားကြီး၏ ခံနိုင်ရည်ဝန်အားကို သြဂုတ်လ ၂၂ ရက်​နေ့တွင် စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ယ​နေ့နံနက်ပိုင်းက တံတားတည်​ဆောက်​ရေးအဖွဲ့ တာဝန်ခံက မီဒီယာများကို ​ပြောကြားခဲ့သည်။
စစ်ကိုင်းမြို့နယ်တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်/ စားသောက်ကုန် ပစ္စည်းများ ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး
Aug 20,2020
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ စားသုံးသူ ပြည်သူများ အကာအကွယ်ပေး ရေးအတွက် စားသုံးရန်မသင့်သည့်