ငါးသိုင်းချောင်းမြို့၊ မြက်တို‌ကျေးရွာ အုပ်စုတွင် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်‌ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ငါးသိုင်းချောင်း  ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (ရှေ့တန်းရုံး) မှ ဒု-လဝကမှူး ဦးပြည့်ဖြိုးအောင်နှင့် ဦးသန့်ဇင်ထွန်း တို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ဩဂုတ်လ ၂၀ ရက်နေ့က မြက်တိုကျေးရွာ အုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ဓမ္မရက္ခိတ ဓမ္မာရုံ၌ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၊ မြက်တိုကျေးရွာ အုပ်စုအတွင်း၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူ (၂၁၄) ဦးရှိရာ  စာရင်းကောက်ယူစိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ယနေ့တွင် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်​ ကြောင်း လဝကမှူးထံမှ သိရသည်။

  စိုးမင်းဦး(ပြန်/ဆက်)