ကျိုင်းတုံ ဩဂုတ် ၂၀
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရးမှူး) ဦးမိုးဆန်းထွန်းက ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရွေးကောက်ပွဲ ကာလအတွင်း ဆောင်ရွက်ရ မည့် အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မဲစာရင်းနှင့် ပတ်သက်သော အကြောင်း အရာများ၊ မဲစာရင်းပါလူဦးရေမှန်ကန်မှုရှိစေရေးနှင့် မဲရုံပြုလုပ်မည့် နေရာများကို လုံခြုံမှုရှိ စေရန် ကြိုတင်ပြင်ဆင်ထားရန် စသည့် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ မဲစာရင်းကောက်ယူခြင်း၊ မဲစာရင်း ကပ်ထားကြေငြာခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်ရေး မှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အတွင်ရေးမှူး၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ကျိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ မဲရုံ(၁၂၀)ရုံ သတ်မှတ်ဆောင်ရွက်ထားရှိကာ ပြည်သူများ၏ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး၊ လွတ်လပ်စွာမဲပေးနိုင်ရေးနှင့် မဲပေးခွင့် မဆုံးရှုံး စေရေး အထူးကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမွန်ကျော်ထံမှ သိရ သည်။
ရဲထက်ဦး(ခရိုင်ပြန်/ဆက်)