သတင်းများ

ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး
Aug 21,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေး ဌာနတို့မှ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပုဂ္ဂလိကသင်တန်းကျောင်း၊ KMD သင်တန်း ကျောင်း၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း၊ Success Language သင်တန်းကျောင်းတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ဖြင့် ကျေးရွာအတွင်းလမ်း ကျောက်ရောမြေခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး
Aug 21,2020
နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို
ကျောက်ဆည်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇၃) ဦး ဝင်ရောက်အရွေးခံမည်
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ပျက်စီးသွားသော လမ်းများနှင့် ဟံသာဝတီလမ်း လမ်းခင်းခြင်း လုပ်ငန်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်
Aug 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားသောလမ်းများတွင် ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်‌ပြေ ချောမွေ့စေရန် ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းနှင့် ဟံသာဝတီလမ်း လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် အမှတ်(၁၂၄) ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မင်းလှမြို့၌ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် လုပ်ငန်း ရှင်များအား အသိပေးရှင်းလင်း
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးနှင့်စပ်လျဉ်း၍ အခွန်တံဆိပ်ကပ်နှိပ်ရန်လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအ ဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။
ရမည်းသင်းမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာပေဆွေးနွေးဝိုင်းကျင်းပ
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာပေဆွေးနွေးဝိုင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲများရွေးချယ်
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲ ကာလတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ (Special Police)များ ရွေးချယ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။