သတင်းများ

တာမွေမြို့နယ်တွင် "တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိ ဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ် ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စီစဉ်ကျင်းပသော "တိုးတက် ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
တီးတိန်​မြို့နယ်၌ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်း(၁၈)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားမည်
Aug 21,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း (၁၈)ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ် သင်ကြားခွင့်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ပြည်သူ့စာကြည့်တိုက်၀န်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင် ရေးလုပ်ငန်းများကို
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ‌အသိပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အများပြည်သူများ နေ့စဉ်ဝင်ထွက် သွားလာရာ စျေးများအတွင်း၌ ယမန့်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 21,2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ကောင်စီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရွှေပြည်သာမြို့နယ်တွင် သိမ်းဆည်းခံတောင်သူ (၁၅) ဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေယာလျော်ကြေး ကျပ်သိန်းပေါင်း (၁၉၅၆၅)သိန်းပေးအပ်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံတောင်သူများ အား ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ (ဒုတိယအကြိမ်) မြေယာလျော်ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိစစ်ဆေး
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုများကို ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။