မိုင်းလုံမြို့၌ မဲစာရင်းများမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့ဟောင်းကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ခေး ဦးဆောင်သောအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ(၃) နာရီက မြို့ဟောင်းကျေးရွာ၊ ပင်ပေါကျေးရွာ၊ နားယုတ်ကျေးရွာ၊ ကုန်းထိုလင်ကျေးရွာ၊ ဝိန်းခူးကျေးရွာများသို့ မဲစာရင်းများမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ် ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။