သတင်းများ

သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (CERP) အစီအစဉ်အရ ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်းများဖြစ်သည့် ကြက်မွေးမြူ ထုတ်လုပ်သင်တန်းနှင့် မေထုန်မဲ့သားစပ် သင်တန်းများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ကြဲကျေးရွာ၊ ပန်မြိုင်းကျေးရွာနှင့် ဆိုင်လဲကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည်။
ဝေါမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ် ရောင်းချစေခြင်းလုပ်ငန်း စီမံချက်ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီ အချိန် နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံ ချက် ရှင်းလင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွက် မဲရုံတည်နေရာများအား ကြည့်ရှုစစ်ဆေး
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် အခြေခံပညာ ကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။
မိုင်းယုမြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့က ယမန်နေ့က တစ်အိမ်တက်/တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေလျက် ရှိသည်။
ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆွေးနွေးပွဲ (Table Top Exercise) ဆောင်ရွက်
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအ‌‌ဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံများနှင့် ကျန်းမာရေး ဌာနများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ နိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ညှိနှိုင်းဆွေးနွေးပွဲ (Table Top Exercise) ကို Zoom Meeting ဖြင့် ဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့မှတောင်သူနှစ်ဦးအား မြေဧရိယာ (၂၉.၁၉)ဧက အတွက် မြေယာလျော်ကြေးပေးအပ်
Aug 21,2020
ရှမ်းပြည်နယ်(‌တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာ အုပ်စုအတွင်းရှိ ဘန်းယဉ်ဘူတာမြေ(၇၁.၅)ဧကအတွင်း မြန်မာ့မီးရထားမှအသုံးပြုမည့်မြေ (၄၀.၀၄)ဧကအနက် တောင်သူ နှစ်ဦး၏ မြေဧရိယာ(၂၉.၁၉)ဧကအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေး ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာ‌ရေး ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက‌ တောင်ဘက်ပိုင်းရပ်ကွက်၊ တိုးချဲ့(၂)လမ်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ကျောက်မြောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ယမန်နေ့ညနေ(၄)နာရီအချိန်က ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့သည်။