တီးတိန် သြဂုတ် ၂၁
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း (၁၈)ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ် သင်ကြားခွင့်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက် အဆင့်တိုးမြှင့် ဖွင့်လှစ်သင်ကြား ခွင့်ရရှိသော လိုင်လွီးကျေးရွာ၊ တွီးဒီလ်းကျေးရွာနှင့် မိုင်နွဲကျေးရွာများရှိ အလက(ခွဲ) ကျောင်း များအား (အလက)သို့ လည်းကောင်း၊ တွီးဇန်ကျေးရွာ၊ ဂေါ်စိန်းကျေးရွာ၊ ငါလ်ဇန်ကျေးရွာ၊ တွာလ်ဇန်ကျေးရွာနှင့် ဆွောင်းဖေကျေးရွာများရှိ မူ(လွန်)ကျောင်းများအား အလက(ခွဲ)သို့ လည်းကောင်း၊ ဆိုဇန်ကျေးရွာ၊ လိုင်လွီးရွာ(သစ်)၊ ဘဲကန့်ကျေးရွာ၊ ဖာရ်တလန်ရွာ(သစ်)၊ ရှောင်စောန်းကျေးရွာများရှိ အမက ကျောင်းများအား မူ(လွန်)သို့လည်းကောင်း၊ လုံပီးကျေးရွာနှင့် တာ့ခ်မွာလ်ကျေးရွာများရှိ အမက(ခွဲ) ကျောင်းများအား အခြေခံပညာမူလတန်းကျောင်းသို့ လည်းကောင်း၊ ဒါတ်ဒုံးကျေးရွာ၊ မောင်ကင်ကျေးရွာနှင့် မွာလ်ဘင်းကျေးရွာများရှိ ကိုယ့်အား ကိုယ်ကိုးကျောင်းများအား အခြေခံပညာမူလတန်းကျောင်း(ခွဲ)သို့ လည်းကောင်း၊ စုစုပေါင်း (၁၈)ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)