ရွှေပြည်သာမြို့နယ်တွင် သိမ်းဆည်းခံတောင်သူ (၁၅) ဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေယာလျော်ကြေး ကျပ်သိန်းပေါင်း (၁၉၅၆၅)သိန်းပေးအပ်

ရွှေပြည်သာ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံတောင်သူများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ (ဒုတိယအကြိမ်) မြေယာလျော်ကြေး ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြေယာလျော်ကြေးအဖြစ် တဧကလျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ၁၉၅.၆၅ ဧက အတွက် တောင်သူ (၁၅)ဦးအား ကျပ်သိန်း (၁၉၅၆၅)သိန်းအား ပေးအပ်ခဲ့သည့် အခမ်းနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်းမင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များနှင့် တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)