ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ(၂၃)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 25,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန် လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့၊ညနေ(၆)နာရီ အချိန်က (၇)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က(၁၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၃)ဉီး တို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။