တန့်ယန်း သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း များတွင် တက်ကြွစွာပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ဂုဏ်ပြု ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်း အကြောင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက် ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ် များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိသူ တို့က ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)