ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ကျောက်တံတား ဩဂုတ် ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်ကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးတို့အတွက် ယနေ့နံနက်ပိုင်းအချိန်က ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့တို့ ပူးပေါင်းကာ ကျောက်တံတား မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ ဆူး​လေဘုရားလမ်းသို့ ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ် ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေနန်းမေ