စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့လုံခြုံစေရေး CCTV ကင်မရာများတပ်ဆင်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံငွေမှ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်အဖြစ်ခွင့်ပြု ချထားငွေ ကျပ်သန်း၁၉၀ ဖြင့် ရေဦးမြို့တွင် မြို့လုံခြုံစေရေး Wireless စီစီတီဗီကင်မရာငါးလုံးကို ရန်ကုန်မြို့အခြေစိုက HTET UK Group Company မန်နေဂျာ ဦးအောင်ခိုင်ထွန်း ဦးဆောင် သောအဖွဲ့မှ တာ၀န်ယူတပ်ဆင်လျှက်ရှိသည်။