သတင်းများ

ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှပြန်လည်ရောက်ရှိလာသူ အမျိုးသား (၁၂) ဦးအား Facility Quarantine ဆောင်ရွက်ထားရှိ
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ် (အမ်းမြို့နှင့် ကျောက်တော်မြို့) ကြားတွင် သွားရောက်အလုပ်လုပ်နေကြသည့် နယ်မြေခံအမျိုးသား (၁၂) ဦးတို့သည် ယနေ့နံနက် (၄) နာရီအချိန်က ကျောက်ဆည်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
မိုးနဲမြို့၌ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဗဟုသုတ ဆန်းစစ်ချက်ဖြေဆို
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း အဆင့် ဘဝအတွက်တာ ကျွမ်းကျင်စရာ ကျောင်းသင်ဘာသာရပ်မှ ဗဟုသုတဆန်းစစ်ချက် မေးခွန်းရေးဖြေ ဖြေဆို ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူ (၉၅၈) ဦးအား ရေကင်းလွတ်ရာသို့ပြောင်းရွှေ့
Aug 24,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာအထက် (၁၁၁၆) စင်တီမီတာသို့ရောက်ရှိပြီး မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်ပြည်သူများနေထိုင်သော အေးလင်းသာယာကွင်းရှိ ယာယီတဲများအောက်သို့ သံလွင်မြစ်ရေ (၂) ပေခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၇၁၀၈၇ ဧက စိုက်ပျိုးရန် လျာထား
Aug 24,2020
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး မြို့နယ်တစ်ခုဖြစ်ရာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း စုစုပေါင်း မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက အထိ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကော့ကရိတ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်​ရေး အသိပညာ​ပေး နံရံကပ်စာ​စောင်၊ ဓါတ်ပုံပြသ
Aug 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများသိရှိ​လေ့လာနိုင်​ရေးအတွက် သြဂုတ်လ ၂၁ ရက်​နေ့မှစ၍ ပြသ​ဆောင်ရွက်ထားမည်ဖြစ်​ကြောင်း သိရသည်။
တောင်ငူ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့်ပိုင်း နေထိုင်ကြသည့် လူနေအိမ်အချို့အတွင်း ရေတင်ကျန်မှုများ ဖြစ်ပေါ်
Aug 24,2020
တောင်ငူမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းတစ်ချို့ နေထိုင်ကြ သည့် လူနေအိမ်များ၌ ရေတင် ကျန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ယနေ့နံနက်ပိုင်းက အမှတ် (၁ဝ) ရပ်ကွက် နယ်မြေ (၄) အတွင်းနေထိုင်သူတစ်ဦးထံမှ သိရသည်။